ရခိုင်ပြည်နယ်ဘက်မှာရှိတဲ့ AA အကြမ်းဖက်အဖွဲ့ထံပို့ဆောင်မည့် ရန်ကုန်ဘက်မှ ပြည်ဘက်သို့မောင်းနှင်လာသည့် ထွန်းထွန်းဝင်း (၄၉) နှစ်၊ တပ်ကြီးကုန်းရွာ(တောင်ပိုင်း)၊ မှော်ဘီမြို့နယ်နေသူနှင့်အတူ ယာဉ်ပေါ်ပါ ဦးတေဇ(ခ)ဦးထင်ကျော်(၅၇) နှစ်(ဝါတော်(၃)ဝါ ) တစ်ဆူတောင်းကျောင်း၊ ကန်နီရွာ၊ လှည့်ကူးမြိုနယ်နေသူတို့ စီးနင်းလိုက်ပါလာသော AUMARK အမျိုးအစား၊ အဖြူရောင်ယာဉ်မှ အုတ်ခဲများတင်ဆောင်လာသည့်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အုတ်ခဲများအောက်တွင် လျှို့ဝှက်တင်ဆောင်လာသည့် အဖြူရောင်ပီနံအိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ မူးယစ်ဆေးဝါးများအား အုတ်ခဲပုံအထုတ်(၂၀)စီပါ (၁၀)အိတ်၊ အုတ်ခဲပုံ အထုတ် (၁၀)စီပါ(၉)အိတ်၊ WY စာတမ်းပါဆေးပြား စုစုပေါင်း(၂၉)သိန်းပြားခန့် စုစုပေါင်းတန်ဖိုးငွေ သိန်း ၂ သောင်းခန့်အား ဖမ်းဆီးရမိခဲ့ကြောင်းသိရပါတယ်။ #Crd