ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မြန်မာနိုင်ငံပိုင်နက်နယ်မြေအပေါ်တွင် နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရန်အတွက် Intergovernmental Agreement သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်း သိရပါတယ်။
ရုရှားအစိုးရသည် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် Rosatom ကုမ္ပဏီကို အပ်နှင်းထားပြီး လျှပ်စစ်ဓာတ်အား ၁၁၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့်နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ဖွယ်ရှိနေကြောင်း ရုရှားအခြေစိုက် Energyland သတင်းဌာနတွင် ဖော်ပြထားကြောင်းသိရပါတယ်။
ရုရှားအစိုးရနှင့်မြန်မာအစိုးရတို့သည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးချရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။ #Crd