မနေ့က မေလ ၂၈ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ မရမ်းကုန်း မြိုနယ်ရှိ MCC ခန်းမ မှာ မြန်မာ့နိုင်ငံရေးလမ်းကြောင်းပေါ်မှာ အတူလျှောက်လှမ်းနေကြတဲ့ နိုင်ငံရေးပါတီ(၂၅) ပါတီ တွေ့ဆုံဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ကိုယ်လိုရာဆွဲယူတတ်တဲ့ နိုင်ငံကြီးအချို့ရဲ့ ကျုးကျော်စော်ကားမှုတွေနဲ့ ခေတ်သစ်ကိုလိုနီစစ်ပွဲအသွင်လုပ်ဆောင်ဖို့လမ်းစဉ်ကို ဦးတည်နေကြမှုများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆွေးနွေးပွဲအပြီးမှာ နိုင်ငံရေးပါတီတွေရဲ့ ပူးတွဲသဘောထား ကြေညာချက် တစ်စောင်ကို မြန်မာ-အင်္ဂလိပ် (၂) ဘာသာနဲ့ထုတ်ပြန်ခဲ့တယ်လို့လည်းသိရပါတယ်။