၂၀၂၃-၂၄ ရာသီ စပိန်လာလီဂါပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအား ရီးယဲလ်မက်ဒရစ်အသင်း၏ အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ ဘယ်လင်ဟမ်ကရရှိခဲ့ကြောင်းသိရသည်။
အသက် (၂၀)အရွယ်သာရှိသေးသည့် ဘယ်လင်ဟမ်သည် ရီးယဲလ်ကစားသမားဘ၀ပထမဆုံးရာသီမှာပင် အသင်းနှင့်အတူ လာလီဂါချန်ပီယံဆုအား ဆွတ်ခူးရရှိခဲ့သလို အသင်းအတွက် လာလီဂါပွဲစဥ် (၂၈)ပွဲကစားရာတွင် (၁၉)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၆)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
ဘယ်လင်ဟမ်သည် ပြီးခဲ့သည့် ၂၀၂၂-၂၃ ရာသီကလည်း ဒေါ့မွန်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါတစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးရရှိခဲ့သည်။
Photo: Laliga