အကြမ်းဖက်အဖွဲ့ထံပို့ဆောင်မည့် ပစ္စည်းများအားဖမ်းဆီးရမိ

ညောင်ရွှေမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေလ၂၅ ရက်နေ့က လုံခြုံရေးအဖွဲ့ဝင်များမှ ညောင်ရွှေမှ စံကားကျေးရွာဘက်သို့ ဆော်ရယ် (၃၆)နှစ်၊ ကျေးလက်ဝန်ထမ်း၊ ဒီးမော့ဆိုမြို့နယ်နေထိုင်သူ မောင်းနှင်လာသော Canter (အဖြူရောင်) ယာဉ်အားရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်းမှ K.P.L.ARMY အကြမ်းဖက်အဖွဲ့ဝတ်စုံအား ဝတ်ဆင်ပြီး သေနတ်ကိုင်ဆောင်ရိုက်ကူးထားသည့် ဓာတ်ပုံများအားတွေ့ရှိရကာ ယာဉ်ပေါ်တွင် –

-ဓါတ်ဆီ(၄)ဂါလံဆံ့ပုံး(၄)ပုံး
-Diamond ဆီပုံး(၈)ပုံး
-Grand Royal အရက်ဖာ(၁၀)ဖာ
-YOMA ဘီယာဖာ(၃၇)ဖာ
-မုန့်(၆)ဖာ
-FUJI ဆပ်ပြာ(၂)ဖာ
-Yoshi အချိုရည်(၆)ဖာ
-808 ပြောင်းမျိုးစေ့(၂)ထုပ်
-yamyam ခေါက်ဆွဲ(၂)ဖာ
-ဖယောင်းတိုင် (၁)ဖာ
-ကြက်သားမှုန့် (၁)ဖာ
-ဓါတ်မြေဩဇာအိတ်(၂၀)အိတ်
-အိပန်မိုနိုဆိုဒီယမ်ဂလူတမိတ်အိတ် (၄)လုံး
-SPEED အချိုရည်ကတ်(၂၀)ကဒ်
-Winston ဆေးလိပ် (၁)ဖာ
-V Code အချိုရည်ကတ်(၄၅)ကဒ်
-တစ်သျှူး(၂)အိတ် -SHARKအချိုရည်(၅)ကဒ်
-ဆန်အိတ် (၂)အိတ် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။