အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ မိသားစုဖျော်ဖြေရေး ကွင်းတစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကလေးငယ် အများအပြား အပါအဝင် အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
Rajkot ခရိုင်တွင် မေလ ၂၅ ရက်နေ့ စနေနေ့ညနေပိုင်းက အခင်းဖြစ်ပွားရာနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေသဖြင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိတယ်လို့လည်းသိရပါတယ်။ #Crd