မေလ ၂၃ ရက်က CDM စစ်ပြေးအသွင်ယူ မိမိအမာခံ၏ သတင်းပေးချက်အရ NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းရှိ အကြမ်းဖက် PDF များထံထောက်ပံ့ရန် ဘုရားသုံးဆူမြို့မှ မန္တလေးဘက်သို လက်နက်/ ခဲယမ်းများသိုဝှက် တင်ဆောင်လာတဲ့ ယာဉ် ၂ စီး လာမည်ဖြစ်ကြောင်း သိရှိရ။
သတင်းအရ စောင့်ဆိုင်းနေစဉ် တံတားဦးမြိုအနီးရှိ စစ်ဆေးရေးဂိတ်တွင် Honda Insight ယာဉ်အား စစ်ဆေးရာ ကားနောက် ဘန်ဘာအတွင်းတွင် သိုဝှက်သယ်ဆောင်လာသော –
(၁) M-22 သေနတ် ၈ လက်
(၂) Beretta ပစ္စတို ၁ လက်
(၃) ကျည်အိမ် ၂၅ ခု
(၄) ကျည် ၆၅၀ တောင့်
(၅) သေနတ် မောင်းတုံး ၂ ခု
တို့ အား တရားခံ ၂ ဦး (ကျား ၁ + မ ၁) တိုနှင့်အတူ ဖမ်းဆီးရမိခဲ့။
တရားခံများ၏ ထွက်ဆိုချက်အရ အမရပူရမြို့ နယ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လက်နက်/ခဲယမ်းများ တင်ဆောင်လာသည့် Honda Insight အား တရားခံ ကျား ၂ ဦးနှင့်အတူ ထပ်မံဖမ်းဆီးရမိ။ သယ်ဆောင်လာသည့် လက်နက်/ခဲယမ်းများမှာ –
(၁) MA-3 ပုံဟောင်း သေနတ် ၁ လက်
(၂) Sigsauer ပစ္စတို ၁၀ လက်
(၃) Sur M9 ပစ္စတို ၁ လက်
(၄) Glock ပစ္စတို ၂ လက်
(၅) ISSC ပစ္စတို ၂ လက်
(၆) ကျည်အိမ်မျိုးစုံ ၃၁ ခု
(၇) ကျည် ၅၅၀ တောင့်
တို့ အား တရားခံ ကျား ၂ ဦးနှင့်အတူ ဖမ်းဆီးနိုင်ခဲ့။
ဆက်လက်ဖမ်းမိတရားခံ၏ထွက်ဆိုချက်အရ လက်နက်များအား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ ကားဘော်ဒီရုံတစ်ခုသို ပို့ဆောင်ရမည်ဖြစ်ကြောင်းသိရပြီး အဆိုပါနေရာအား သွားရောက်စစ်ဆေးရာ တရားခံ ၁ ဦးအား အောက်ပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ –
(၁) M-4 သေနတ် ၅ လက်
(၂) M-16 သေနတ် ၂ လက်
(၃) Type-56 သေနတ် ၁ လက်
(၄) Glock ပစ္စတို ၅ လက်
(၅) CZ ပစ္စတို ၁ လက်
(၆) ကျည်အိမ်မျိုးစုံ ၂၀ ခု
တို့ အား တရားခံ ၁ ဦးနှင့်အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့။
အဆိုပါနေ့တွင် စစ်ကိုင်းဘက်ရှိ PDF များထံပိုဆောင်မည့် လက်နက်/ခဲယမ်းသယ်ဆောင်လာသည့် ယာဉ် ၂ စီးအား တရားခံ ကျား ၄ ဦး၊ မ ၁ ဦး၊ ပေါင်း(၅)ဦးနှင့်အတူ လက်နက်မျိုးစုံ ၃၉ လက်၊ ခဲယမ်းမြောက်မြားစွာတိုဖြင့် ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။