ဘင်္ဂါလီများအရေးနှင့်ပတ်သက်၍ နိုင်ငံတကာရှိဘင်္ဂါလီအဖွဲ့အစည်းများမှ AA ကို ပြစ်တင်ရှုတ်ချ

AA အစွန်းရောက်အကြမ်းဖက်သမားများရဲ့ လုပ်ရပ်ကြောင့် ရခိုင်ပြည်နယ်က ဘင်္ဂါလီရွာတွေဟာ စစ်တလင်းဖြစ်နေသလို မေလ ၁၇ ရက်ညမှာလည်း ဘူးသီးတောင်မြို့က ဘင်္ဂါလီများကို နေအိမ်များမှထွက်ပြေးရန် ခြိမ်ခြောက်ပြီး နေအိမ်တွေကို မီးရှို့ဖျက်းဆီးခဲ့သောကြောင့် ကလေးသူငယ်တွေနဲ့အမျိုးသမီးတွေပါဝင်တဲ့ ဘင်္ဂါလီသောင်းချီဟာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ထိုကဲ့သို့ AA အဖွဲ့ရဲ့ ဘင်္ဂါလီလူမျိုးများကို သတ်ဖြတ်လုယက် ရက်စက်ယုတ်မာမှုများကို ပြစ်တင်ရှုတ်ချကြောင်း နိုင်ငံတကာရောက် ဘင်္ဂါလီအဖွဲ့အစည်း ၃၀ ခန့်က မေလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။