စစ်တွေမြို့၊ သက္ကယ်ပြင်ရွာ အပူရှိန်လွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်း၌ ယနေ့ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ဖိနပ်ဆိုင်၌အသုံးပြုသော ဆိုလာအားသွင်းစနစ်မှ အပူရှိန်လွန် ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင် ခန်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီသတ် ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင် မှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၆၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။