ကဆုန်လပြည့်နေ့မှာ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မြန်မာတို့ရဲ့ အထွဍ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များထဲမှ တစ်နေ့ဖြစ်တဲ့ ယနေ့ ကဆုန်လပြည့် အခါ မဟာသမယ မှာတော့ နိုင်ငံတစ်ဝှမ်းက ဗုဒ္ဓဘာသာများအားလုံး ကြည်နူးလှိုက်လှဲစွာနဲ့ ညောင်ရေသွန်းပွဲ‌တော် ကျင်းပပြီး ဘုရားစေတီများမှာ ကုသိုလ်ပြုကြတာလေးက တကယ့်ကို ဆွတ်ပျံ့ဖွယ် ဓလေ့လေးပဲဖြစ်ပါတယ်…

ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ကြတဲ့ ကုသိုလ်ရှင်အပေါင်းတို့ရဲ့ ပုံရိပ်လေးများကို သာဓုအနုမောဓနာ ခေါ်ဆိုနိုင်ရန် ဝေမျှပေးလိုက်ရပါတယ်ရှင်…

ပြည်ချစ်သားပရိတ်သတ်အပေါင်းတို့လည်း အိမ်ကဘုရားခန်းမှာပဲဖြစ်ဖြစ် နီးစပ်ရာဘုရားစေတီပုထိုးများမှာပဲဖြစ်ဖြစ် ကုသိုလ်ယူကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်…

#ရှင်ယွန်း