အီရန်သမ္မတ ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးများလိုက်ပါလာသော ရဟတ်ယာဉ် မေလ ၁၉ ရက်နေ့က ပျက်ကျကြောင်း CNN သတင်းတွင် ဖော်ပြထားပါတယ်။
သမ္မတ ရိုင်စီသည် နှစ်နိုင်ငံနယ်စပ်က ရေကာတာစီမံကိန်းဖွင့်ပွဲအတွက် အဇာဘိုင်ဂျန်သမ္မတ Ilham Aliyev နဲ့ သွားရောက်တွေ့ဆုံအပြီး အပြန်နှစ်နိုင်ငံနယ်စပ်အနီး အီရန်နိုင်ငံအနောက်ပိုင်းရှိ တောင်တန်းဒေသဖြစ်သော အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ရဟတ်ယာဥ်ပျက်ကျသွားခဲ့တာပါ။
ရာသီဥတုဆိုးဝါးနေပြီး မြူထူထပ်နေစဉ် ရဟတ်ယာဉ် ပျက်ကျခြင်းဖြစ်ပါတယ်။
နောက်ဆုံးရရှိသည့် သတင်းများအရ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။#Crd



