မေလ ၁၈ ရက်နေ့ မနက် ၉ နာရီကျော်ခန့်က ယင်းမာပင်မြို့၊ (ဂ)ရပ်ကွက်ရှိ မြို့မဈေးအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ဗုံးသီး ၆ လုံးဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့မှုကြောင့် ဈေးဝယ်/ဈေးရောင်း ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
(၁) ဒေါ်ဌေးမြင့် (၃၆ နှစ်) (မစိုးရိမ်ရ)
(၂) မဆောင်းယွန်းမေ (၆ နှစ်) (မစိုးရိမ်ရ)
(၃) မဂျူးကေဇင်ထက် (၁၀ နှစ်) (စိုးရိမ်ရ)
(၄) ဒေါ်မြတ်သဉ္ဇာဝင်း (၃၅ နှစ်) (စိုးရိမ်ရ)
(၅) ဒေါ်အိသင်ဇာကို (၂၇ နှစ်) (စိုးရိမ်ရ)
ဒဏ်ရာရရှိသူများအား ဆေးရုံတွင် အထူးကြပ်မတ်ကုသလျက်ရှိကြောင်းသိရှိရ။ #Crd



