၁၈-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက် အများပြည်သူ နေအိမ်များသို့ KIA/PDF အကြမ်းဖက်သမားများက ရက်စက်ယုတ်မာစွာ ဦးတည်ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်အချို့ပျက်စီးဆုံးရှုံးခဲ့။
ထပ်မံရရှိသောသတင်းအရ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအနက် ကိုယ်လက်အင်္ဂါများ ထိခိုက် ဆုံးရှုံးခဲ့သူများရှိခဲ့ကြောင်း စိတ်မကောင်း ဝမ်းနည်းဖွယ်သိရှိရ။
ထို့ကြောင့် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံ၊မြို့ခံပြည်သူအားလုံးအနေနဲ့ KIA/PDF အကြမ်းဖက်အဖွဲ့၏ ယခုကဲ့သို့ရက်စက်ယုတ်မာသော ဖြစ်ရပ်ဆိုးများ ထပ်မံမကြုံတွေ့ရစေရန်အတွက် အကြမ်းဖက်လုပ်ရပ် များအပေါ် ပြင်းထန်စွာရှုတ်ချပြီး တာဝန်ရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ မိမိမြို့၊ ရပ်ကွက်၊ ကျေးရွာတို့ မပျက်စီးစေဖို့ အကြမ်းဖက်လုပ်ရပ်တွေကို ကာကွယ်တားဆီးကြပါလို့ ဆိုချင်ပါတယ်။