မေလ ၁၉ ရက်နေ့(ယနေ့)နံနက်ပိုင်း ဝိုင်းမော်မြို့နယ်၊ မုတ်လွဲရွာအုပ်စု၊ ခါးရှီရွာအနီး တိုက်ပွဲတွင် KIA/PDF အကြမ်းဖက်သမား ၅၀ ဦးခန့် ကျဆုံးခဲ့ပြီး KIA ခေါင်းဆောင်ပိုင်း တစ်ဦးလည်း ပါဝင်ကြောင်းသိရှိရပါသည်။
KIA/PDF များ စိတ်ဓာတ်ကျဆင်းနေပြီး ယနေ့ညမှာ ခါးရှီးဒေသကို ထပ်မံတိုးကြည့်၍ ဖိတိုက်မည်ဖြစ်ပြီး မရပါက မနက်တွင် ပြန်ဆုတ်မည်ဖြစ်ကြောင်း အမာခံသတင်းပေးမှ ပြောကြားပါသည်။
အဆိုပါတိုက်ပွဲတွင် KIA/PDF များ အကျအဆုံးများရခြင်းမှာ အမြောက်ပစ်ကူနှင့် လေကြောင်းမှ ဗုံးများ အတွဲလိုက်ချခံရခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။
#တိုက်ပွဲသတင်းစုံ