KIA ခေါင်လွမ်းရဲ့ နောက်ဆက်တွဲသတင်း

KIA စစ်ဦးစီးချုပ်အဆင့် ခေါင်လွမ်းတိုက်ပွဲ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့တဲ့ မိုးမောက် တိုက်ပွဲမှာ KIA တပ်ဖွဲ့ဝင် ရာနဲ့ ချီပြီး ထိခိုက်သေဆုံးနေတယ်လို့ သိရပါတယ်။

မိုးမောက် ၊ မံစီတွင် တိုက်ပွဲဝင်နေတဲ့ KIA ၊ KPDF များ စိတ်ဓာတ်မကျစေရန် ခေါင်လွမ်းသေဆုံးမှုကို အသည်းကင်ဆာနဲ့ သေဆုံးကြောင်း သတင်းလိမ်လည် ထုတ်ပြန်ခဲ့ပေမယ့် MNDAA ၊ AA ၊ TNLA သုံးဖွဲ့၏ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ရုတ်တရက် သေဆုံးကြောင်း ဖော်ပြခဲ့တာဟာ ငြင်းမရတဲ့သက်သေပါပဲ.။ အသည်းကင်ဆာသမားဟာ ရုတ်တရက်သေဆုံးတာဖြစ်နိုင်ပါ့မလား?

တကယ့်စစ်မြေပြင်မှာ ရဲဝံ့စွာတိုက်ပွဲဝင်ကျဆုံးခဲ့တဲ့ စစ်သူရဲကောင်းကို သာမန် ရောဂါဖြင့် သေဆုံးကြောင်း တန်ဖိုးလျှော့ချသတင်းထုတ်ပြန်မှုအပေါ် KIA အောက်ခြေစစ်သည်များ မကျေနပ်မှုဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်.။