KIA ခေါင်းဆောင် ခေါင်လွမ်း တိုက်ပွဲမှာ သေသွားရတဲ့ အကြောင်းအရင်း

ခေါင်လွမ်းသေတာက မိုးမောက်တိုက်ပွဲမှာ တပ်ကလက်နက်ကြီးနဲ့ပစ်လို ထိပြီးသေတာ။ ဒီသတင်းကိုဖုံးချင်လို KIA က အသည်းကင်ဆာဖြစ်တယ်ဆိုပြီးသတင်းဖြန့်တာ။

အကြောင်းအရာတွေကရှင်းပြရရင်အများကြီး။ ဒီကောင်တွေအဖွဲအစည်းထဲ အကြီးပိုင်းတွေမှာ ပြသနာလေးတွေနဲ့ ကတောက်ကဆဖြစ်နေတာလေးတွေရှိတယ်။ ခေါင်လွမ်းကခေါင်းမာတယ်။

ကချင်ပြည်နယ်တိုက်ပွဲကြီးတွေမှာ ခေါင်လွမ်းကဦးဆောင်ပြီးတိုက်နေတာ။ ဂွမ်မော်၊ ဂန်ရှောင်နဲ့ အင်ဗန်လတိုဆိုတာ နောက်ကနေတဲ့အဖွဲတွေ။ စစ်တိုက်တာဖြစ်တဲ့အတွက် တစ်ချိုအရာတွေမှာ သူတိုပြောတာတွေကို ခေါင်လွမ်းကနားထောင်ချင်မှနားထောင်လိမ့်မယ်။ ဘာကြောင့်လဲလိုပြောရရင် အရှည်ကြီး။

သူတိုထဲမှာ တရုတ်အထောက်အပံ့/တရုတ်လိုလားတဲ့အဖွဲနဲ့ NUG နဲ့ပေါင်းပြီးအမေရိကန်ယိမ်းအဖွဲတွေကွဲနေတယ်။ ဟိုးအရင်ကတည်းက KIA ထဲမှာ သွေးကွဲပြီးအချင်းချင်းလုပ်ကြံတာတွေက အစဉ်အလာရှိခဲ့ပြီးသား။ အကြောင်းရင်းကိုပြန်ဆက်ရမယ်ဆိုရင် ခေါင်လွမ်းမသေခင် ၂ ရက်လောက်ကတည်းက မိုးမောက်အခြေအနေသိလို တပ်က လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်တာ KIA ၂၀၀ လောက်သေတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး သူတိုအတွင်းပိုင်းမှာ အချင်းချင်းစကားများတာတွေရှိခဲ့ပြီး အဲ့နေရာကို ရချင်ရင်/သိမ်းပိုက်ချင်ရင် ကိုယ်တိုင်ကြီးကြပ်ပြီး မိုးမောက်လိုက်သွားဆိုပြီး ခေါင်လွမ်းကို တစ်ဖက်လှည့်ရှင်းတဲ့သဘောနဲ့ တရုတ်လိုလားတဲ့အဖွဲက ပညာသားပါပါဆော်တာ။

ဒီကြားထဲတော့ တပ်ကိုနည်းမျိုးစုံနဲ့ ခေါင်လွမ်းရှိမယ့်နေရာအတိအကျသတင်းပေးကောင်း ပေးနိုင်လိမ့်မယ်။ တပ်ကလည်းတကယ်တိကျလို ဆော်တာ။ အဲ့မှာ ခေါင်လွမ်းထိပြီး လမ်းမှာတင်သေတဲ့သတင်းကို ဖျောက်ထားပြီး KIA အဖွဲတွေစိတ်ဓာတ်ကျပြီး ယိမ်းယိုင်သွားမှာစိုးလို အသည်းကင်ဆာနဲ့သေတယ်ဆိုပြီး သတင်းဖြန့်တာ… ဖြစ်စဉ်ကဒါပဲ…

ဘာကြောင့်သတင်းမှားဖြန့်တာလဲလိုပြန်ဖြေရရင် တိုက်ပွဲတွေမှာ ခေါင်လွမ်းက ခေါင်းမာမာနဲ့ ဦးဆောင်တိုက်တယ်… သူမရှိရင်/ သူတိုခေါင်းဆောင်တစ်ဦး တိုက်ပွဲကျသွားတယ်ဆိုတဲ့အသိက လက်အောက်ငယ်သားတွေစိတ်ကို ရိုက်ချိုးခံရနိုင်တယ်။ ဒါကြောင့် ကျန်ခဲ့တဲ့ KIA အကြီးပိုင်းတွေက ဉာဏ်ကောင်းပြီး သတင်းမှားဖြန့်တာ…..