-မေလ ၁၄ ရက် ၁၂၅၀ နာရီတွင် ဘီးလင်းမြို့နယ်၊ ကော့ကမယ်ကျေးရွာနေ ဦးနိုင်လင်းထွန်း(၄၃)နှစ်သည် ၎င်းပိုင် “ကောင်းမြတ်ပြည့်စုံ” စက်သုံးဆီအရောင်းဆိုင်၌ ဇုတ်သုတ်ကျေးရွာနေ ဦးအောင်ထွေး(၆၀)နှစ်နှင့်အတူ စကားပြောနေစဉ် အကြမ်းဖက် pdf အဖွဲ့မှ ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးနိုင်လင်းထွန်းတွင် ဦးခေါင်းနောက်စေ့၊ ဝဲပုခုံး၊ ယာပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးအောင်ထွေးတွင် ရင်အုံ၊ ယာနံဘေး၊ ဝဲပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။
-မေလ ၁၄ ရက် ၁၈၃၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာနေ မဝါဝါနိုင်(၃၈)နှစ်သည် တစ်ရွာ တည်းနေ ဦးလှဇော်၏ နာရေးအိမ်မှ ပြန်လာစဉ် နေအိမ်အနီးအရောက်၌ အကြမ်းဖက် pdf ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ မဝါဝါနိုင်တွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့။
-မေလ ၁၃ ရက် ၂၁၃၀ နာရီတွင် ဖြူးမြို့နယ်၊ မြို့ချောင်းကျေးရွာနှင့် ကီးလား(အရှေ့)ကျေးရွာ ဆက်သွယ်ထားသည့် ခမ(ကေအေ-၃၆၉၄၉၃)ရှိ အကျယ်(၂၅)ပေ၊ အရှည်(၂၇၀)ပေရှိ ဖြူးချောင်းကူးတံတားအား PDF အကြမ်းဖက် အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရှိပါသည်။