အသက်မပြည့်တဲ့ အမျိုးသမီးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တဲ့တရားခံအပေါ် ထိရောက်စွာအရေး ယူပေးဖို့ ဒေသခံများဆန္ဒပြတောင်းဆို

အသက် ၁၅ နှစ်အရွယ်သာရှိသေးတဲ့ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာနေထိုင်သူ ရဝမ်အမျိုးသမီးငယ် မဒူနော် (မဂွမ်ရိန်ဒူနော်) ကို မုဒိမ်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်သွားတဲ့တရားခံအပေါ် ထိရောက်စွာအရေးယူပေးဖို သောင်းနဲ့ချီတဲ့ ပူတာအိုမြို့ခံပြည်သူတွေက ဒီကနေ့ မေလ ၁၃ ရက်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါ အမျိုးသမီးငယ်ဟာ ပြီးခဲ့တဲ့ မေလ ၁၀ ရက်၊ ညနေ ၄ နာရီအချိန်ခန့်မှာ ဈေးဝယ်ဖို တစ်ဦးတည်းထွက်ခွာသွားစဥ်မှာ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရတာလို သိရပြီး ခြေလက်အင်္ဂါတွေ ရိုက်ချိုးခံထားရတဲ့အပြင် လည်ပင်းလှီးခံထားရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ သူ့ရဲ့ရုပ်အလောင်းကို ည ၁၁ နာရီခန့်မှာ ပြန်လည်တွေ့ရှိခဲ့တာလို ဆိုပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်လို လူသားမဆန်တဲ့ ပြစ်မှုကျူးလွန်သူတရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပေးဖို့နဲ့ ပြင်းထန်စွာ ပြစ်ဒဏ်စီရင်ပေးဖို့ Rvwang Alliance – RA လို့ အမည်ပေးထားတဲ့အဖွဲ့က တောင်းဆိုထားသလို အဲဒီသက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်တဲ့ မှုခင်းဖြစ်စဉ်တွေ မှန်ကန်ရိုးသားမှုမရှိတာကိုတွေ့ရပါက နိုင်ငံတကာ ရဝမ်အမျိုးသားထုတစ်ရပ်လုံးက ငြိမ်ခံနေမှာမဟုတ်ဘူးလို့လည်း ယင်းအဖွဲ့က အသိပေးထားတယ်လို့လည်းသိရပါတယ်။ #Crd