ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာသံရုံးနှင့် သက်ဆိုင်ရာနိုင်ငံသံရုံးတို ချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့၌ အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသူ ၂ ဦးအား အမိနိုင်ငံသို့ အမြန်ဆုံးပြန်လည် ပို့ဆောင်နိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာသံရုံး အနေဖြင့် ရီရတ်ဒ်မြို့ရှိ အာဏာပိုင်များနှင့် ချိတ်ဆက်၍ ဆော်ဒီအာရေဗျနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မသိန်းရွှေနှင့် မဥမ္မာမြင့် တို့အား မေလ ၁၀ ရက်နေ့တွင် အမိနိုင်ငံသို့ ရောက်အောင် ပြန်လည်ခေါ်ဆောင် နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ #Crd