ကျိုင်းတုံမြို့ရှောင်လမ်း ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှို င်သည် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ ၊ မြို့ရှောင်လမ်း ဖွင့်ပွဲအခမ်းအနားသို့ ယမန်နေ့ နံနက်ပိုင်းက တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှောင်လမ်းကို နစကအဖွဲဝင်များနှင့် ပြည်နယ်ဝန်ကြီးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး နစက ဥက္ကဋ္ဌက မြို့ရှောင်လမ်း ကမ္မည်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်ကာ အမွှေးနံ့သာရေများ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒေသခံတိုင်းရင်းသားများကို ရင်းနှီးစွာ လိုက်လံနှုတ်ဆက်ပြီး စုပေါင်းဓာတ်ပုံရိုက်ခြင်း၊ ပန်းပွါးအကအဖွဲများ၊ တိုင်းရင်းသားရိုးရာ အကအဖွဲများ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကြောင်း သိရသည်။