စားသောက်ကုန်များရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊တောင်ငူမြို့နယ်၊ထန်းကုန်းကျေးရွာတွင် ဒေသခံပြည်သူများစားဝတ်နေရေးအဆင်ပြေစေရန်အတွက် တပ်မတော်သားများနှင့်မိသားစုဝင်များမှ တန်ဖိုးသင့် အသား၊ငါး၊ကြက်ဉ၊ဟင်းသီးဟင်းရွက်များအား ရောင်းချပေးလျက်ရှိကြောင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၊နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။