ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် မေလ ၂ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ် ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
