တိုင်းစစ်ဌာနချုပ်အသီးသီးရှိ နယ်မြေများ၌ တပ်မတော်နှင့် PDF အကြမ်းဖက်အပါအဝင် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါတယ်။ ဧပြီလအတွင်းတိုက်ပွဲတွေမှာတော့ အကြမ်းဖက်သောင်းကျန်းသူ ၄၈၀ ကျော်သေဆုံးပြီး ၆၀ ဦးခန့် အရှင်လက်ရဖမ်းဆီးရမိခဲ့ပါတယ်။ အဲဒီအထဲမှာ AA အကြမ်းဖက်သောင်းကျန်းသူများလည်းပါဝင်နေပါတယ်။
ကြားဖြတ်နှင့် မြေပြင်သတင်းများအရ
ရခိုင်ပြည်နယ်တိုက်ပွဲများတွင် AA အကြမ်းဖက်သောင်းကျန်းသူများ သေဆုံးသူများကို အလောင်းကောက်အဖွဲဖြင့် ပြန်လည်သယ်ဆောင်သွားသဖြင့် အလောင်းလက်နက်များ ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။
အလောင်းမကောက်နိုင်ဘဲ ကျန်ရစ်ခဲ့သော AA အဖွဲ့ဝင်အများစုမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး တိုက်ပွဲဝင်သည့် အထောက်အထားများတွေ့ရှိရပါတယ်။
အတည်ပြုဆဲသတင်းများအရ ယခုလအတွင်း AA တပ်ဖွဲ့ဝင် ရင်းမှူးအဆင့်များအပါအဝင် ၃၂၀ ကျော် သေဆုံးပြီး ၄၃၀ ကျော် ဒဏ်ရာရရှိကြောင်းလည်း သိရှိရသည်။
