ပြည်ပထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်အတွက် အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်အား ယာယီဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်ရေးအဖွဲက ယနေ့တွင် ပြန်လည်ဖြေကြားထားပါသည်။
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်မှစတင်ပြီး တားမြစ်ပိတ်ပင်လိုက်သည်ဟု သတင်းများထွက်ပေါ်နေမှုနှင့် ပတ်သက်ပြီး Myanmar Transparency News သတင်းဌာနမှ မေးမြန်းမှုအပေါ် SAC သတင်းထုတ်ပြန်ရေးအဖွဲ့က “ထွက်ခွာခွင့်ကိစ္စရပ်များ ပိုမိုအချိန်ယူစိစစ်နိုင်ရန်နှင့် အခြားအခြေအနေများအရ ယာယီအားဖြင့်ဆိုင်းငံ့ထားခြင်းဖြစ်ပါကြောင်း သိရပါတယ်။ #Crd



