တရုတ်နိုင်ငံ ကွမ်တုန်ပြည်နယ်တွင် အမြန်လမ်းပိုင်းပြိုကျမှုကြောင့် ၄၈ ဦး သေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်ပြည်နယ်တွင် မေလ(၁)ရက် နံနက်ပိုင်းက အမြန်လမ်းပိုင်းလမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကားအစီးရေ (၂၀)ခန့် ပြုတ်ကျခဲ့ပြီး သေဆုံးသူဦးရေမှာ (၄၈)ဦး အထိရှိလာပြီဟု သိရပါတယ်။

တရုတ်နိုင်ငံတွင် ဧပြီလအစောပိုင်းမှစတင်ကာ စံချိန်တင် မိုးရွာသွန်းမှုများကြောင့် ကွမ်တုန်ပြည်နယ်တွင် ရေကြီးမှုနှင့် မြေပြိုမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်ခဲ့တယ်လို့လည်းသိရပါတယ်။ #Crd