901UP ကုန်ရထား မေလ ၁ ရက်နေ့ (၀၅:၁၅)နာရီတွင် ကညွတ်ကွင်း- ညောင်ပင်သာကြား မိုင်းခွဲထားသည့် နေရာတွင် စက်ခေါင်းအပါအအဝင် တွဲ(၄)တွဲ လမ်းချော်ကျခဲ့တယ်လို့သိရပါတယ်။
အကြမ်းဖက်သမားတွေဟာ ရထားလမ်းအပြင် ကားလမ်းတံတားကိုပါ မိုင်းခွဲခဲ့တယ်လို့လည်းသိရပါတယ်။
၎င်းဖြစ်စဉ်ကြောင့် အမှတ်(၁၁)အဆန် အမြန်ရထား ကျောက်တန်းမှ နောက်ပြန်လှဲခဲ့ပြီး အမှတ်(၁၂) အစန် အမြန်ရထား မြစ်သားမှ နောက်ပြန်လှဲခဲ့ကာ ရထားခရီးစဉ် ဖျက်သိမ်းခဲ့ရတယ်လို့သိရပါတယ်။ #Crd



