ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက လွန်ခဲ့သော ၂၄နာရီအတွင်း ယူကရိန်းက ပစ်လွှတ် လိုက်တဲ့ အမေရိကန်ထုတ် ကြည်းတပ်စစ် နည်းဗျူဟာဒုံးကျည် စနစ် Army Tactical Missile Systems (ATACMS) ဒုံးကျည်(၆)စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဧပြီလ ၃၀ ရက်မှာ ရုရှားကထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အဆိုပါ ATACMS ဒုံးကျည်ခြောက်စင်းကို ဘယ်နေရာတွေမှာ ပစ်ချခဲ့တာလဲဆိုတာကိုတော့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘူးလို့သိရပါတယ်။ #Crd



