ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ပေါ်ရှိ အထင်ကရနေရာများသို ဧပြီလ ၂၉ရက်နေ့ နံနက်ပိုင်းက ၂၀၂၄ခုနှစ်၊ Grade-10 လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများလာရောက်လေ့လာခဲ့ကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးအာကာလင်းနှင့်တာဝန်ရှိသူများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြကြောင်းသိရပါတယ်

လူရည်ချွန်ကျောင်းသားကျောင်းသူများသည် ရွှေဥမင်သဘာဝလှိုဏ်ဂူ ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ရေချမ်း၊ဆီမီး၊ အလှူငွေနှင့်ရွှေသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြပြီး ဂေါပကအဖွဲ့မှ ရွှေဥမင်သဘာဝလှိုဏ်ဂူ၏ သမိုင်းကြောင်းနှင့် လှိုဏ်ဂူအတွင်းရှိ ဘုရားစေတီပုထိုးများနှင့်ပတ်သက်၍ လိုက်လံ ရှင်းလင်းပြသပေးခဲ့ကြပါတယ်

လူရည်ချွန်မောင်မယ်များသည် ပင်းတယမြို့၏ အလှကျက်သရေဆောင် သဘာဝပုန်းတလုတ်ရေကန်သို့သွားရောက်လေ့လာခဲ့ကြကြောင်းသိရပါတယ်



