ဧပြီလ ၂၈ ရက်နေ့ သံတွဲမြို့နယ်၊ ရွှေလှေတံတားအနီးနဲ့ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း အနီးတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် AA အဖွဲ့များ ထိတွေတိုက်ပွဲဖြစ်ပွားစဉ် လုံခြုံရေးတပ်ဘက်မှ ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းမရှိသော်လည်း DVB မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်လွဲမှားပြီး မုန်းတီးစေရန် အောက်တန်းကျစွာ အပုတ်ချရေးသားထားခြင်းသာ ဖြစ်ပါတယ်။
