မြောက်ကိုရီးယားနိုင်ငံက ဧပြီလ ၂ ရက်နေ့မှာ တာလတ်ပစ် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါပစ်ခတ်စဉ်သို့ နိုင်ငံ့ခေါင်း ဆောင်ကင်ဂျုံအန် တက်ရောက်အားပေးခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရမီဒီယာက ဧပြီလ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူးတွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ လောင်စာခဲသုံး မဟာဗျူဟာမြောက်ဒုံးကျည်တွေကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကင်ဂျုံအန်က ပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd



