မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ဒီနေ့ကစပြီးကံမကောင်းဘူးလို့
မပြောပါနဲ့🌷

ကံမကောင်းဘူးလို့ မပြောပါနဲ့..
လူ့ဘဝ ရနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။

ကံမကောင်းဘူးလို့ မပြောပါနဲ့..
ကိုယ်လက်အင်္ဂါ အစုံပါနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။

ကံမကောင်းဘူးလို့ မပြောပါနဲ့..
ဘုရားသာသနာနဲ့ ကြုံနေတာကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။

ကံမကောင်းဘူးလို့ မပြောပါနဲ့..
ရတနာသုံးပါး
ကံ..ကံရဲ့ အကျိုးတရားအပေါ်
ယုံကြည်မှုရှိနေတာကိုက ကံကောင်း
နေတာပဲ မဟုတ်လား..။

ကံမကောင်းဘူးလို့ မပြောပါနဲ့..
သူတော်ကောင်းတရား နာကြား
ခံယူနိုင်တဲ့စိတ်ဓာတ်အခံ ရှိနေတာ
ကိုက
ကံကောင်းနေတာပဲ မဟုတ်လား..။

ကဲ..ဘာလိုသေးလဲ?..
ကံကတော့ ကောင်းနေပြီးသားပါ..
အလုပ်ကောင်းဖို့ပဲ လိုပါတယ်..
အလုပ်ကောင်းဖို့ဆိုတာလည်း
အကောင်းလုပ်ဖို့ပါပဲ..။

‘အကောင်းလုပ်တော့ အကြောင်းဟုတ်’..
‘အကြောင်းဟုတ်တော့ မကောင်းဆုတ်’..
‘မကောင်းဆုတ်တော့ အကောင်းထုပ်’..
အဲဒါ ကံကောင်းခြင်းရဲ့ လက်ဆောင်ထုပ်ပဲပေါ့..။