၃၀.၃.၂၀၂၄ရက်နေ့က တနင်္သာရီမြို့နယ်၊ လယ်တောင်ယာကျေးရွာနှင့် သမုတ်ချုံးကျေးရွာအကြား ပြည်ထောင်စုကားလမ်းမပေါ်တွင် အကြမ်းဖက်PDFများမှ ယာဉ်များအား တားဆီးစစ်ဆေးငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်နယ်မြေရှင်းလင်းခဲ့ရာ-
-အကြမ်းဖက်PDFအလောင်း ၂ လောင်း
-အမ်-၁၆ (ပြောင်းတို) သေနတ် ၁ လက်၊
-၉ လုံးကျည် လက်လုပ်သေနတ် ၁ လက်၊
-၉ လုံးကျည် ၂၅ တောင့်၊
-အမ်-၁၆ ကျည် ၃၀ တောင့်၊
-အမ်-၁၆ ကျည်အိမ် ၁ ခု၊
-လက်လုပ် UAV ၂ စင်း၊
-DJI Drone ၁ စင်း၊
-လက်လုပ်မိုင်း ၆ လုံး၊
-လက်လုပ် Drop Bomb ၉ လုံး၊
-အိုင်ကွန် ၁ လုံးတို့အားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။




