🌷မာနနည်းလာလေ ပိုလှလာလေပဲ🌷 မာနလား?လူတိုင်းမှာအနည်းနဲ့အများတော့ရှိတယ်။မလိုအပ်တဲ့နေရာမျိုးမှာတော့မာနမထားသင့်ဘူး။ ကိုယ့်ဂုဏ်သိက္ခာကိုထိပါးစော်ကားလာရင်ထုတ်သုံးဖို့အတွက်သပ်သပ်ရပ်ရပ်လေးသိမ်းထားရတာပေါ့။အဲဒီလိုနေရာမျိုးမှာမာနမထားရင်လည်းတန်ဖိုးထားကြမှာမဟုတ်ဘူးလေ။ သို့သော်မာနတော့ မကြီးနဲ့။မာနကြီးတယ်ဆိုတာကဘယ်သူကမှ မတိုက်တွန်းဘဲကိုယ့်ကိုယ်ကိုယ်အကုသိုလ်အဖြစ်ခံနေတာပါ။ မာနကြီးရင်အောက်ခြေလွတ်တတ်တယ်။ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီးဘဝင်မြင့်နေတော့တာပဲ။ ဘာလို့ မာနကြီးနေမှာလဲ?တစ်နေ့ မာနကြီးတဲ့သူလည်းသေရမှာပဲ။မာနနည်းတဲ့သူလည်းသေရမှာပါပဲ။သေရမှာချင်းအတူတူမာနနည်းတော့ အကုသိုလ်နည်းတာပေါ့။မာနများတာ့ အကုသိုလ်ပွားတာပေါ့။ မာနချင်းပြိုင်လို့နိုင်တယ်ဆိုရင်ကောနိုင်တဲ့သူကသာ အကုသိုလ်တွေတပွေ့တပိုက်ရလိုက်တာပါ။ […]