စက်မှုကုန်ချော
ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက် အထိ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် စုစုပေါင်းအမေရိကန်ဒေါ်လာ ၈,၁၂၃ ဒသမ ၃၈၉ သန်း ရရှိခဲ့။
ပုစွန်
ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်အထိ ပုစွန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၉,၃၂၀ ဒသမ ၉၉၄ တန်တင်ပို့ နိုင်ပြီး အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၆၆၄ သန်း ရရှိခဲ့။
ပဲမျိုးစုံ
ယခုဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ်လ ၁ ရက်အထိ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၁,၄၈၁,၇၇၂ ဒသမ ၅၈၆ တန်တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁,၂၅၆ ဒသမ ၁၄၁ သန်းရရှိခဲ့။
ပျားရည်
ယခုဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလကုန်အထိ ပျားရည်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁,၈၈၇ ဒသမ ၆၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃၁ သန်းရရှိခဲ့။
ရေထွက်ကုန်
ယခုဘဏ္ဍာနှစ် ဧပြီလ မှ ဖေဖော်ဝါရီလကုန်အထိ ပြည်ပနိုင်ငံပေါင်း ၄၀ ခန့်သို့ ရေထွက်ကုန်တန်ချိန် ၄၅၉,၉၇၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆၈ သန်းရရှိခဲ့။ #Crd