မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ဒါးစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်အား အဆိုပါကျေးရွာမှာရှိတဲ့ ဘုရားကုန်းပေါ်မှာ ဒီကနေ့ မတ်လ ၁၃ ရက်၊ မနက် ၃ နာရီအချိန်ခန့်က သတ်ဖြတ်လိုက်ကြောင်းသိရှိရပြီး ကျောင်းထဲမှာရှိနေတဲ့ ဆရာတော်ကိုပါ တစ်ခါတည်း သတ်ဖြတ်သွားကြကြောင်းလည်းသိရပါတယ်။ အကြမ်းဖက်သမာတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူတွေကိုအနိုင်ကျင့်နှိပ်စက်ခြင်းများလုပ်ဆောင်ကြသလို ဘုရားသားတော် ရဟန်းသံဃာတော်များနဲ့ သီလရှင်များကိုလည်း ဖမ်းဆီးသတ် ဖြတ်ခြင်းများလုပ်ဆောင်နေပါတယ်။

