၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ စနစ်သစ်၏ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်တွင် စတင်ကျင်းပရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်းရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့၌ ဖြေဆိုသူစာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း (၁၁၄) ခရိုင်၊ မြို့နယ်ပေါင်း (၂၈၅) မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄) ဌာနတို့တွင် စာရင်းရှိဦးရေမှာ (၁၄၆,၅၂၃) ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈,၈၀၁)ဦး ရှိခဲ့သဖြင့် တစ်နိုင်ငံလုံး၌ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၈၇ ဒဿမ ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်းသိရပါတယ်။


