ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်မှုကို အသုံးချ၍ မသမာသူများက အွန်လိုင်းပေါ်ကတဆင့် ပြည်သူတချို့ထံ SMS များပေးပို့၍ ကင်းလွတ်ခွင့်ဆောင်ရွက်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်နေကြောင်းသိရှိရပါသည်။
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်သည့်နည်းစနစ်မှန်မှာ-
၁။ မှတ်ပုံတင်စာရင်းသွင်းပါမည်ပြီးပါက မှတ်ပုံတင် လက်မှတ်ထုတ်ပေးပါမည်။
၂။ သင့်ထံ သိုမဟုတ် သင့်မိသားစုထံ မြိုနယ်ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က စာဖြင့်ဆင့်ခေါ်ကာ ဆေးစစ်ခေါ်ပါမည်။
၃။ စစ်မှုထမ်းရန်အလှည့်ကျပါက သင့်ထံ သိုမဟုတ် သင့်မိသားစုထံ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က တရားဝင်ဆင့်ခေါ်စာအား အိမ်အထိလာရောက်ပေးပို့ပါလိမ့်မည်။
ထိုသို့ တရားဝင်ဆင့်ခေါ်စာဖြင့် စစ်မှုထမ်းရန် အကြောင်းကြားမည်ဖြစ်ပြီး ဖုန်း၊ sms ဖြင့် ဆင့်ခေါ်စာများပေးပို့ခြင်း လုံးဝမလုပ်ပါ။ အကယ်၍ ဖုန်း၊ sms များဖြင့် အွန်လိုင်းပေါ်ကအကြောင်းကြားလာပါက သင့်အားလိမ်ပြီးငွေတောင်းတော့မည်ဆိုတာသတိပြုနိုင်ကြပါစေ.။ #Crd



