(၉.၃.၂၀၂၄ ရက်နေ့၊ နံနက် ၁၂ . ၂၀ နာရီ)
မြဝတီမြို့နယ် ခမရ(၃၅၅) တပ်ရင်းအား အကြမ်းဖက်အဖွဲ့များ သာလွန်အင်အားဖြင့် ဝင်ရောက်တိုက်ခိုက်မှုကြောင့် ခမရ (၃၅၅) တပ်ရင်း ညီနောင်ဗျူဟာဖြင့်ပူးပေါင်းကာ ရန်သူစီးနင်းထားသော ခမရ (၃၅၅) တပ်ရင်းအား ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။
(၉.၃.၂၀၂၄ ရက်နေ့၊ နံနက် ၉ နာရီအချိန်)
မြဝတီမြို့နယ်၊ ညီနောင်ရဲစခန်းကို အကြမ်းဖက်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်နေပြီး ခလရ (၂၇၅) တပ်နှင့် ညီနောင်ဗျူဟာမှ လက်နက်ကြီး ပစ်ကူပေးနေသော်လည်း ရန်သူအင်အား အလွန်များပြား၍ လေကြောင်းပစ်ကူပေးခဲ့သည်။
(၎င်းနောက် နံနက် ၁၀.၂၀ နာရီအချိန်)
မြဝတီမြို့နယ်၊ ညီနောင်ရဲစခန်း အကြမ်းဖက်အဖွဲ့များလက်သို့ကျရောက်ပြီး ရဲအဖွဲ့ ၁၈ ဦး ရဲစခန်းမှ ဆုတ်ခွာပြီး ညီနောင်ဗျူဟာဖြင့်ပူးပေါင်းသွားပြီဖြစ်ကြောင်း သိရှိရပါသည်။
ရရှိသတင်းအရ KNU တပ်မဟာ ၆ အင်အားစု ဒါဘောဦးစီးအဖွဲ့၊ DKBA ခွဲထွက် စောကျော်သက်အဖွဲ့၊ KTLA နဲ့ lion စစ်ကြောင်းမှူး အယ်စေးဝါးအဖွဲ့နှင့် ရေးဘီလူးအဖွဲ့ စုစုပေါင်းအင်အား ခန့်မှန်း ၁၆၀၀ (သို့) ၁၈၀၀ ခန့် ရှိနိုင်ကြောင်းထပ်မံသိရှိရပါသည်။ #Crd

