အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသပြောင်းရွှေ့နေထိုင်ကြရသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် မိမိတို့ ရောက်ရှိနေသည့် ဒေသတွင် ဖြေဆိုလိုသူများရှိပါက တက္ကသိုလ်ဝင် သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ က မေလ ၁ ရက်နေ့တွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd

