ရုရှား၌ အနောက်အုပ်စု၏ ပိုင်နက်ထဲထိ တိုက်ခိုက်နိုင်သည့် ဟိုက်ပါဆိုးနစ်လက်နက်အသစ်များ ဖြန့်ကျက်ထားကြောင်းနှင့် ဗျူဟာမြောက်နျူကလီးယားတပ်ဖွဲ့များသည်လည်း အပြည့်အဝအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့က နိုင်ငံ၏ ထိပ်တန်းလွှတ်တော်အမတ်များနှင့် အခြားအဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားရာတွင် ရှရှားသမ္မတ ပူတင်က ပြောကြားကြေငြာလိုက်သည်ဟု နိုင်ငံတကာသတင်းဖော်ပြမှုများအရသိရပါတယ်။
ဒါ့အပြင် ပူတင်က အနောက်နိုင်ငံများအနေဖြင့် ယူကရိန်းသို့ စစ်ရေးအကူအညီနှင့် မြေပြင်တပ်များစေလွှတ်ပါက နေတိုးနှင့် ရုရှားတို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်လာနိုင်ပြီး နျူကလီးယားစစ်ပွဲ ဖြစ်ပွားနိုင်ခြေရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်။ #Crd



