၁ / ၃ / ၂၀၂၄ ရက်နေ့
(မောင်တော်မြို့နယ်)
ညနေပိုင်း ၄ နာရီခန့်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှ သဝန်ချောင်းရဲကင်းစခန်းဟောင်းနေရာတွင် ဝင်ရောက်နေထိုင်၍ အကြမ်းဖက်မှုများ ဆောင်ရွက်နေသည့် AA အကြမ်းဖက်အဖွဲ့အား သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူတို့ဖြင့်ပါ တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ဘက်မှ သေဆုံး/ဒဏ်ရာရ များစွာဖြင့် ထွက်ပြေးသွားကြောင်း သိရှိရသည်။ ထို့အပြင် AA အကြမ်းဖက်အဖွဲ့မှ ရန်အောင်မြင်ရဲကင်းစခန်းအား နံနက်ပိုင်း ၇ နာရီခန့်မှစ၍ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ/ လေကြောင်းပစ်ကူတို့ဖြင့်ပါ တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် ညပိုင်း ၇ နာရီအချိန်ခန့်တွင် ပစ်ခတ်မှုများငြိမ်သွားပြီး AA အကြမ်းဖက်အဖွဲ့ဘက်မှ သေဆုံး/ဒဏ်ရာရသူများအား ကားများဖြင့် ပြန်လည်သယ်ဆောင်နေကြောင်း သိရှိရသည်။
(ပုဏ္ဏားကျွန်းမြို့နယ်)
နံနက်အစောပိုင်းမှစ၍ ညနေပိုင်းထိ နယ်မြေခံတပ်ရင်းရှိ ကာကင်းစခန်းများအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် မကြာခဏ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ပြန်လည်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်းနှင့် ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရှိရသည်။
MinChitOo