ဖေဖော်ဝါရီလ ၂၅ ရက် ရခိုင်ပြည်နယ် တိုက်ပွဲသတင်းများ

၂၅ / ၂ / ၂၀၂၄ ရက်နေ့ 💥💥💥💥💥💥💥

(စစ်တွေမြို့နယ်)
စစ်တွေ – ပုဏ္ဏားကျွန်းလမ်းပိုင်းအား ရထားသံလမ်းများဖြင့် ပိတ်ဆို့ထားပြီး ဒေသခံပြည်သူများ သွားလာလှုပ်ရှားမှု အခက်အခဲဖြစ်စေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် AA အကြမ်းဖက်အဖွဲ့အား ယနေ့နံနက်ပိုင်းမှစ၍ တပ်စစ်ကြောင်းများမှ စတင်ရှင်းလင်းတိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရပြီး ကွမ်းတောင်ရွာအဝင်လမ်းမပေါ်ရှိ AA အကြမ်းဖက်အဖွဲ့ဝင်များအား Drop Bomb များ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရှင်းလင်းခဲ့သောကြောင့် AA အကြမ်းဖက်အဖွဲ့ဝင် ၃၀ ကျော်ခန့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ဝင်များ အဆိုပါပစ်ကျင်းနေရာများမှနေ၍ ထွက်ပြေးနေကြကြောင်း သိရှိရသည်။

(မင်းပြားမြို့)

ယနေ့နံနက်ပိုင်းမှစ၍ ညနေပိုင်းအထိ တတက ၉ (ကမ်းနီ) လေ့ကျင့်ရေးကျောင်းအနီးရှိ လုံခြုံရေးကင်း စခန်းများအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ယနေ့ညပိုင်းအထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် အပြင်းအထန် တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း သိရှိရသည်။

(မောင်တောမြို့နယ်)

ယနေ့နံနက်ပိုင်း ၇နာရီအချိန်ခန့်မှစ၍ ကြိမ်ချောင်း နခခ ၇ ဌနခအနီးရှိ ကာကင်းစခန်းများအား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီး/ငယ်များဖြင့် လာရောက်တိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၏ အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်မှု၊ တိုက်လေယာဉ် လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်ချေမှုန်းမှု၊ ပစ်ခတ်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့မှုတို့ကြောင့် နေ့လည် ၁၁ နာရီအချိန်ခန့်၌ နှစ်ဖက်အပစ်ရပ်ပြီး သောင်းကျန်းသူများ ဒဏ်ရာရသေဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာထွက်ပြေး သွားကြကြောင်း သိရှိရသည်။

(ရမ်းဗြဲမြို့နယ်)
ရမ်းဗြဲမြိုသို့ စစ်ကူထပ်မံရောက်ရှိနေသည့် စစ်ကြောင်းများမှ မြို့အတွင်းခိုအောင်နေသော AA အကြမ်း ဖက်အဖွဲ့အား လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ကျက်သရေရွာအတွင်း ခိုအောင်းနေသည့် AA အကြမ်းဖက်အဖွဲ့အား တိုက်ထုတ်ရှင်းလင်းခဲ့ရာ AA အကြမ်းဖက်အဖွဲ့ဝင်များ ဖွဲ့စည်းပုံပျက်ကာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(ဘူးသီးတောင်မြို့နယ်)
ယနေ့နံနက်ပိုင်းမှ ၈ နာရီခွဲခန့်မှစ၍ တောင်ဘဇာနယ်မြေခံတပ် ၅၅၂ အား AA အကြမ်းဖက်အဖွဲ့မှ လာရောက်တိုက်ခိုက်နေသောကြောင့် တစ်နေ့လုံးနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ည ၇ နာရီအချိန်၌ နှစ်ဖက်အပစ်ရပ်ကာ ရန်သူအား ရင်ဆိုင်ထိန်းချုပ်ထားကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား PDF အကြမ်းဖက်အဖွဲ့များဖြင့် ပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်း၊ အများပြည်သူနေထိုင်ရာ နေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်များအား ကျောင်းမတက်ခိုင်းဘဲ အတင်းအဓမ္မဖမ်းဆီးကာ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်း၍ သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်လျက် ရှိနေသည်။ #Crd