ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် ကသာမြို့နယ် ပေါမမြိုင်ကျေးရွာတွင် အကြမ်းဖက် KIA/PDF များ၏ အကြောင်းမဲ့ Drop Bomb ချ တိုက်ခိုက်မှုကြောင့် ကျေးရွာရွာဦးဘုန်းကြီးကျောင်းတွင် စင်္ကြံလျှောက်နေသော ထီးချိုင့်မြို့ ရွှေဟင်းတံကျောင်းတိုက်မှ လာရောက်သီတင်းသုံးနေသည့် ဆရာတော် ဥူးစန္ဒာဝရ သက်တော် (၇၁)နှစ်ရှိ သံဃာတော် ၁ ပါး ဝဲဘက်ဦးခေါင်း ဖောက်ဝင်ဒဏ်ရာဖြင့် ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။ #Crd

