မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၈၀၀ အမြင့်မှာ တည်ရှိတဲ့ ရေခဲတောင်ဒေသ နောင်မွန်မြို့နယ်ဧရိယာ၌ ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်း၌သာကျက်စားနေသော အရွယ်အစားသေးငယ်ပြီး ကြောင်တစ်ကောင်အရွယ်အစားခန့်သာရှိသည့် ဖက်ဂျီနို့တိုက်သတ္တဝါ(Leaf Deer or Leaf Muntjac)ဟုလည်းကောင်း၊ ပူတာအိုချေဟု လည်းကောင်းခေါ်ဆိုလေ့ရှိသည့် သိပ္ပံအမည် မန်တီးယားကပ်စ် ပူတာအိုအင်းဆက် (Muntiacus putaoensis) ရှင်သန်လျက်ရှိကြောင်းသိရှိရပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ရှားပါးတောရိုင်းတိရစ္ဆာန်များ ရှင်သန်ကျက်စားရာ နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်တင့်လျက်ရှိပါတယ်။
