နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမမြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်ပိုင်းက MFF လေ့ကျင့်ရေးကွင်း (၅)တွင် Training Match အဖြစ် နှစ်သင်းခွဲ လေ့ကျင့်ယှဉ်ပြိုင်ကစားခဲ့တယ်လို့သိရပါတယ်။
အဆိုပါလူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်နိုင်က တာဝန်ယူကိုင်တွယ်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် စက်တင်ဘာလတိုတွင် ကျင်းပမည့် အာဆီယံချန်ပီရှစ်ပြိုင်ပွဲနှင့် အာရှခြေစစ်ပွဲစဥ်များသို ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ #Crd




