ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စပြီး KNPP/ KNDF အကြမ်းဖက်သောင်းကျန်းသူများဟာ အင်အား ၃၀၀ ကျော်နှင့်ထူးချောင်းစခန်းအား မကြာခဏ လာရောက်တိုက်ခိုက်လေ့ရှိပါတယ်။
ထူးချောင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့များက အခိုင်အမာ ခံစစ်ပြင်ဆင်ပြီး လေကြောင်းပစ်ကူရယူကာ ပြန်လည်ခုခံတိုက်ခိုက်လေ့ရှိတဲ့အတွက် KNPP နဲ့ KNDF များ ထိခိုက်ကျဆုံးများပြားလျက်ရှိပါတယ်။
အကြမ်းဖက်သမားများရဲ့ ကျဆုံးအလောင်းလက်နက်များ သိမ်းဆည်းရမိခဲ့သလို အလောင်းများသယ်ပြီး ပြန်လည်ဆုတ်ခွာသွားတဲ့ ရန်သူ့အခြေအနေကိုလည်း KNDF အဖွဲ့အတွင်းမှာရှိတဲ့ CDM စစ်ပြေး အမာခံသတင်းပေးများထံမှ ပေးပိုခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းများအရ သိရှိရပါတယ်။ # Crd


