ပြည်သူ့စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်တွင်ပါရှိသည့် မွေးနေ့ခုနှစ်သက္ကရာဇ်ကို မိမိဘာသာပြင်ဆင်ခြင်း လဝက နှင့် အဂတိလိုက်စားပြင်ဆင်ခြင်းများအား တပ်မတော် ဆေးစစ်ဆေးရေးအဖွဲ့က အရိုးဓတ်မှန်ရိုက်ကူးစစ်ဆေးခြင်းဖြင့်အသက်ကို အတိကျဖော်ထုတ်စိစစ်သွားမည်ဖြစ်ပါသည်။
မွေးနေ့သက္ကရာဇ်ကို မရိုးမဖြောင့်သောသဘောဖြင့် ပြုပြင်ပါက ထောင်ဒဏ် ၃ နှစ်ကျခံရမည့်အပြင် ထောင်မှလွတ်ပါကလည်း ပြည်သူ့စစ်မှုထမ်းရန် ၂ နှစ်ကို ထမ်းဆောင်ရမည်ဖြစ်ပါသည်။
ထိုအပြင် မြန်မာနိုင်ငံသားများ၏ အမည်စာရင်း၊ အသက်၊ မွေးနေ့သက္ကရာဇ်၊ နေရပ်လိပ်စာများ၊ အိမ် ထောင်စုစာရင်းများ၊ မွေးစာရင်းများ၊ သေဆုံးစာရင်းများအား တပ်မတော်နည်းပညာနှင့် ကွန်ပျူတာဌာနတွင် အားလုံးမှတ်တမ်းတင်ထားရှိပြီးဖြစ်ကြောင်းသိရပါတယ်။ #Crd



