ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ချောင်းဦးမြို့နယ် ရေပိုးစားကျေးရွာအနီး မန္တလေး-မုံရွာသွား ကားလမ်းပေါ်တွင် အကြမ်းဖက် PDF များ ထောင်ထားသည့် လက်လုပ်မိုင်းမျိုးစုံအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိခိုက်မှုမရှိ ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရပါသည်။ သိမ်းဆည်းရမိပစ္စည်းများ-
- လက်လုပ်မိုင်းမျိုးစုံ ၂၇ လုံး
- ဘက္ထရီအိုးသေး ၈ လုံး
- ကီးပတ်ဖုန်း ၅ လုံး
- နှစ်ပင်လိမ်ဝါယာကြိုး ၂ ခွေ တို့ဖြစ်။



