မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဒိုက်ဦးမှ ဘားအံသို့ ခိုင်ဇော်ထွန်း မောင်းနှင်ပြီး နိုင်ဇော်နှင့် နန္ဒထွန်း တို့လိုက်ပါလာသည့် HYUNDAI MINI BUS မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီအချိန် စိတ်ကြွရူးသွပ်ဆေးပြားများ သယ် ဆောင်ခိုင်းသူ ဇော်မျိုးနိုင်(ခ)ဒညင်းအား ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီးကျေးရွာရှိ ၎င်း၏ နေအိမ်တွင် HYUNDAI GRACE မော်တော်ယာဉ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Related Posts
နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားတိုးမြှင့်ရန်မရှိသေး
- admin
- April 22, 2023
လူမှုစာမျက်နှာများတွင် နိုင်ငံဝန်ထမ်းများအား လစာတော့မည်ဟု ကောလဟာလသတင်းများထွက်ပေါ်နေတဲ့အတွက် ဘဏ္ဍာရေးဝန်ကြီးက နိုင်ငံတော်၏ ဘဏ္ဍာရေးအခြေအနေအရ လစာနှုန်းထားတိုးမြှင့်ရန်မရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။
လူသစ်လာစုတဲ့ AA တွေကို ဝါးရင်းတုတ်နဲ့ မောင်းထုတ်နေတဲ့ သင်္ဘောလှရွာသားများ
- admin
- November 22, 2024
မောင်တောဒေသ၊ သင်္ဘောလှရွာသို AA သောင်းကျန်းသူများမှ လူသစ်လာစုဆောင်းစဥ် ဒေသခံရခိုင်လူမျိုးများမှ လက်မခံသဖြင့် ဝါးရင်းတုတ်များဆွဲကာ ပြန်လည်မောင်းထုတ်နေသည့် ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
လိုင်လင်းပီ-ရှင်းလက်ဝ လမ်းမပေါ်တွင် CDF အဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် ထောင်ထားသည့်မိုင်းများ ဖော်ထုတ်သိမ်းဆည်းရမိ
- admin
- January 9, 2023
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့မြောက်ပိုင်း၊ ခုံရွာအနီး လိုင်လင်းပီ-ရှင်းလက်ဝသွား ကားလမ်းတစ်လျှောက် CDF အဖွဲ့မှ အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ရန် မိုင်းများ ထောင်ထားကြောင်း သတင်းအရ နယ်မြေခံတပ်စစ်ကြောင်းမှ သွားရောက်ရှင်းလင်းရာ သံပိုက်ဖြင့် ပြုလုပ်ထားသော […]