ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၀ နာရီ ၄၅ မိနစ်ထိ ပင်လောင်းမြိုခန်းမတွင် အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) PNO အဖွဲ့၏ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ရာ အခမ်းအနားသို ပင်လောင်းခေတ္တတပ်နယ်မှူး၊ ပင်လောင်းမြိုနယ် မစဖအဖွဲ့ အတွင်းရေးမှူး မြိုနယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ PNO အဖွဲ့မှ ဦးခွန်သန်းစိုး၊ ပင်လောင်းမြိုနယ် PNO အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်အောင်ခိုင်နှင့်အဖွဲ့ဝင်များ ပြည်သူ့စစ်သင်တန်းသားများတက်ရောက်ခဲ့ကြောင်း၊ အခမ်းအနားတွင် ခေတ္တတပ်နယ်မှူးမှ သင်တန်းဖွင့် အမှာစကား ပြောကြားပြီး ပြည်သူ့စစ်အဖွဲ့ဝင်များ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။



